Corona ကြောင့်လူများနှင့်ဆက်ဆံရေးအကန့်အသတ်ရှိလာပြီးအိမ်တွင်အလုပ်လုပ်ကိုင်ရသောလူဦးရေများပြားလာသည်နှင့်အမျှတစ်ဦးနှင့်တစ်ဦးစကားပြောဆိုမှုများလည်းနည်းပါးလာပါသည်။အများအားဖြင့်ဂျပန်နိုင်ငံတွင်တစ်ယောက်ထဲနေထိုင်သူများသည်အတွက်အထီးကျန်ခြင်းနှင့်စိတ်ကျဝေဒနာခံစားရသောလူများလည်းပေါ််ထွက်လာပါသည်။စက်ရုပ်အိမ်မွေးတိရစ္ဆာန်များသည် Corona ကြောင့်ဖြစ်နေသောဂျပန်နိုင်ငံတွင်နေထိုင်သောလူများ၏အထီးကျန်မှုကိုသက်သာစေပါသည်။စက်ရုပ်လေးများသည်ခေါင်းတွင်အဝိုင်းရှိပြီးမတ်ခွက်၏အရွယ်အစားလောက်သာရှိပါသည်။အသုံးပြုသူများနှင့်လည်းစကားပြောနိုင်ပါတယ်။
စက်ရုပ်ကလေးကိုလက်ရှိအသုံးပြုနေသူမစ္စတာဟာမာရာက“ ငါ့ကိုစိတ်ဝင်စားစရာကောင်းတဲ့အရာတစ်ခုခုပြောပါ”လို့စက်ရုပ်ကလေးကို‌ပြောတော့စက်ရုပ်ကလေးအင်းဆိုပြီးချစ်စဖွယ်သီချင်းဆိုပြီးတုန့်
ပြန်ပြောဆိုခဲ့ပါတယ်တဲ့။