ပင်လုံသင်တန်းလို့လူသိများတဲ့ ပြည်ပအလုပ်အကိုင်ဆိုင်ရာလမ်းညွှန်သင်တန်းကိုပြန်လည်ခွင့်ပြုလိုက်ပါပြီ နေပြည်တော်ကထုတ်ပြန်ချက်ထဲမှာပါတဲ့စာကိုသေချာနားလည်အောင်ဖတ်ကြပါ ။OWIC ကတ် ပြည်ပအလုပ်အကိုင်သက်သေခံကတ်ပြား စမတ်ကတ်လို့အများသိကြတဲ့ ကတ်ကိုတော့ ဂျပန်သံရုံးဘက်ကဗီဇာထုတ်ပေးတာနဲ့ပြုလုပ်ခွင့်ရရှိကြမှာပါ။အခုစာရင်းမှာပါတဲ့အရေအတွက်ကသင်တန်းတက်ခွင့်ပြုထားတဲ့စာရင်းဖြစ်ပြီး တင်ပြထားဆဲစာရင်းတွေစိစစ်ပြီးရင်ထပ်ထုတ်ပြန်ပေးမှာပါ။ဂျပန်ဘက်က ကိုဗစ်အရေးပေါ်အခြေအနေရုတ်သိမ်းပြီးတာနဲ့ ဂျပန်သံရုံးကဗီဇာပြန်ထုတ်ပေးမယ် အဲဒါပြီးရင် ၂ပတ်ဆိုဂျပန်အရောက်လွှတ်ပေးနိုင်ပါတယ်။လေကြောင်းလိုင်းအတွက်ကလည်းစိတ်မပူပါနဲ့ANA တိုက်ရိုက်အပြင် တခြားနိုင်ငံကမြန်မာပြည်ကိုဝင်တဲ့ Relief flight ကတဆင့်ဂျပန်ကို Transit flightတွေနဲ့ ဆက်တိုက်လွှတ်ပေးနိုင်ပါတယ်။ဂျပန်ကိုမဝင်မှီ ၇၂နာရီအတွင်းကိုဗစ်ကူးစက်ခံရခြင်းရှိမရှိစစ်ဆေးတဲ့ PCR test ကို စစ်ဆေးဖို့အခက်အခဲရှိရင် ဂျပန်သံရုံးကောင်ဆယ်လာရဲ့ခွင့်ပြုချက်နဲ့ တိုက်ရိုက်ဖလိုက်စီးပြီးဝင်ခွင့်ရနိုင်ပါတယ် ဂျပန်ရောက်မှ PCR test စစ်ဆေးပြီး၃ရက်စောင့်လို့ဆေးအောင်ရင် ဂျပန်ပြည်တွင်းကိုဝင်ခွင့်ရမယ် အဲဒီအခါကျရင် ဂျပန်ဘက်ကအလုပ်ရှင် သို့မဟုတ် ကိုယ်စားလှယ်ကစီစဥ်ပေးတဲ့ ကွာရမ်တင်းစင်တာမှာ၁၄ရက်နေထိုင်ပြီး ရောဂါမရှိရင်လုပ်ငန်းခွင်ကိုဝင်ရောက်လုပ်ကိုင်ခွင့်ရပါမယ်