၄လပိုင်း၁၆ရက်နေ့မှာအသစ်ထုတ်ပြန်ပြီး ၁၉ရက်နေ့ကစပြီးအသက်ဝင်တဲ့ ဂျပန်ပြည်သို့ဆိုက်ရောက်ချိန်မှာ စစ်ဆေးတဲ့အစီအမံကအတော်တင်းကြပ်လိုက်တာကြောင့်ဂျပန်လာမဲ့သူတွေသတိထားကြစေလိုပါတယ် (အခုလက်ရှိ ပြည်ဝင်ခွင့်အသစ်တွေပိတ်ထားပေမဲ့ လက်ရှိဇိုင်းရူးကဒ်ကိုင်ထားတဲ့ အမြဲနေထိုင်ခွင့်ရှိသူတွေဝင်လို့ရနေလို့ဖော်ပြပေးလိုက်ပါတယ်) အဓိကတင်းကြပ်လိုက်တာက ဂျပန်မလာခင်စစ်လာရတဲ့ PCR test result စာရွက်ပါ။ ၁။pcr test ကိုယူတာက၇၂နာရီအတွင်းဖြစ်ရပါမယ်(အဖြေကပဲ၇၂နာရီအတွင်းဆိုမရပါဘူး)၂။pcr test ကဘာနဲ့စစ်ထားတာလဲဆိုတာကိုအောက်ပါအတိုင်းသေချာရေးထားရပါမယ်။ ※Nasopharyngeal(swab/smear/Nasopharynx)※Saliva အဲ့အပြင်တခြားနည်း/စကားလုံးနဲ့ရေးထားလို့မရပါဘူး( Nasal / Oral / Throat /Nose etc)အဓိကအရေးရကြီးတာကအပေါ်က၂ချက်နဲ့ကျန်တဲ့အသေးစိတ်က link or တင်ထားတဲ့ photo တွေမှာကြည့်လို့ရပါတယ်။ အခုလက်ရှိလေဆိပ်ရောက်မှလာတဲ့နိုင်ငံကိုပြန်လွှတ်နေတာတွေရှိနေပါတယ်။https://www.mhlw.go.jp/…/bunya/0000121431_00209.html