အခု ဂျပန်ပြည်မှာ ကိုရိုနာကာကွယ်ဆေးထိုးတာ အရှိန် မြှင့်နေတယ်။တိုကျိုမြို့တချို့မြိုနယ် (Sumida မြို့နယ်)ကျတော့ (၆)လပိုင်း(၁)ရက်နေ့မှစပြီး ဆေးထိုးခွင့်လက်မှတ်ကိုဝေငှနေပြီ။အသက်(၁၆)-(၅၉)နှစ်အရွယ်ကလူတွေအတွက်ပါ။(၇)လပိုင်း(၆)ရက်မှစပြီးအသက်(၄၀)-(၅၉)(၇)လပိုင်း(၂၀)ရက်မှစပြီး အသက်(၁၆)-(၃၉)အတွက် ဆေးထိုးတော့မယ်။တချို့တက္ကသိုလ်ကျတော့လည်း ကျောင်းသားတွေအတွက် / တချို့ကုမ္ပဏီကြီးဆိုရင် ဝန်တမ်းနဲ့အလုပ်သမားအတွက် သီးသန့် ဆေးထိုးတော့မယ်။ဒီလောက်အရှိန်အဟုန်းနဲ့ဆေးထိုးမယ်ဆိုရင် (၁၂)လပိုင်းမတိုင်ခင်မှာ ပြည်သူရဲ့(၈၀)%ထိုးလောက်ပြီလို့ ခန့်မှန်းနိုင်တယ်။(၇)လပိုင်း(၂၃)ရက်မှ (၉)လပိုင်း(၅)ရက်အထိက အိုလံပစ်ကာလဖြစ်တဲ့အတွက်ဂျပန်ဝင်ခွင့်ရဖို့က (၁၀)လပိုင်းနဲ့ (၁၂)လပိုင်းကြားမှာ စတင်ခွင့်ပြုဖို့များလာပါတယ်။မျှော်လင့်ချက်တစ်ခု မြင်ရလာပါပြီ။