(၇)လပိုင်း(၂၃)ရက်မှစတင်ကျင်းပမယ့် တိုကျိုအိုလံပစ်အားကစားပွဲတော်အတွက် နိုင်ငံခြားသား အယောက်(၉)သောင်းက ဂျပန်ပြည်ကိုဝင်ရောက်မယ်လို့ ဂျပန်အစိုးရကပြောပါတယ်။ဂျပန်ပြည်ဝင်ခွင့်ပြုတာကောင်းပေမယ့် ကမ္ဘာကနေ ကိုရိုနာမျိုးစုံ ဝင်ရောက်ပျံ့နှံသွားမှာကို ဂျပန်ပြည်သူက စိုးရိမ်နေကြတယ်။ဆေးပညာရှင်အများစုနဲ့ ဂျပန်ပြည်သူ(၇၀)-(၈၀)%က အိုလံပစ်ကို ရပ်ဆိုင်းသင့်တယ်လို့တွေးနေတာတောင် ဂျပန်အစိုးရက ဘယ်လောက်ပဲကိုရိုနာအခြေအနေဆိုးဝါးဆိုးဝါး အိုလံပစ်ကို အဖြစ်အနေ ကျင်းပပြုလုပ်မယ်လို့ ပြောနေပါတယ်။အကယ်၍ နိုင်ငံခြားသား(၉)သောင်းဝင်ရောက်မှုကြောင့် ဂျပန်မှာ ကိုရိုနာအခြေအနေ ပိုဆိုးဝါးလာပါ မြန်မာအလုပ်သမားဝင်ခွင့်ပြုဖို့နောက်ဆုတ်နိုင်ပြီး ဘာမှ ထူးခြားမှုမရှိပါက ဝင်ခွင့်ပြုဖို့ ပိုစောနိုင်ပါတယ်။